မဂ္ဂင်ရှစ်ပါး သည် မြတ်ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာရခြင်း၏ ပဓာန အကြောင်းရင်း ဖြစ်သကဲ့သို့ ဝေနေယျ သတ္တ၀ါအပေါင်းတို့အား ချမ်းသာစစ်ကို ရစိမ့်ခြင်းငှာ မြတ်ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ဉာဏ်တော်ကြီးဖြင့် ဟောကြားတော်မူခဲ့သည့် ဗုဒ္ဓသာသနာတော်ကြီး၏ ကျေးဇူး ကြီးမြတ်လှသော အကျိုးဆက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အတုမရှိ ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းတော်၊ တန်ခိုးတော် အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ၊ ဗြဟ္မာ နတ် လူ သုံးဘုံသူတို့အား အပါယ်လေးပါး အမြဲနေအိမ်မှ အပြီးတိုင် လွတ်မြောက်အောင် လမ်းပြ ထုတ်ဆောင်ပေးတော်မူသော တရားတော် ပဉ္စ၀ဂ္ဂီငါးပါးမှ အစပြုသည့် လေးစုံ ရှစ်ယောက်သော အရိယာသံဃာတော်အရှင်မြတ် ဟူသော ရတနာတော်မြတ် သုံးပါးတို့ကို အထူးပူဇော်သောအားဖြင့်.. ဤ စာမျက်နှာအစုကို သစ္စာလမ်းစဉ် ဟူ၍ နာမပညတ် သတ်မှတ်ပါသည်။..
ဤ သစ္စာလမ်းစဉ် ဓမ္မစာမျက်နှာအစုတွင အပ စယဂါမိနော ဓမ္မာ ၊ စုတိပဋိသန္ဓေ သို့ ရောက်ကြောင်း မဟုတ်သော တရားတော်၊ အမှန်ဆိုက်အောင် လမ်းပြတော်မူသော တရားတော်၊ ဒုက္ခသစ္စာ ခန္ဓာနှင့် အသေ ထပ်မဖြစ်သောတရားတော်၊ အသုဘ အလောင်းသိမ်း တရားတော်၊ (တနည်း..ရိုးရာ ဗုဒ္ဓဘာသာဝင်တို့ အလွယ်တကူ ရွတ်ဆိုလေ့ရှိသော “ဆုတောင်းနိဗ္ဗာန်” မျိုးကို မရည်ညွှန်းသည့်) “ကျင့်မြတ်မဂ္ဂင် နိဗ္ဗာန်ဝင်” ရန် မြတ်ဗုဒ္ဓ၏ နှုတ်မြွက် ပါဠိတော် နှင့် မြတ်ဗုဒ္ဓ၏ သားတော် စစ်စစ်
အရိယာကြီးများ မြတ်ဗုဒ္ဓ အလိုကျ ဟောကြား ညွှန်ပြသည့် ခန္ဓာ ဉာဏ်ရောက် သစ္စာဆိုက် တရားတော်များ၊ အရိယာလမ်းလိုက်သူ တပည့် သာဝကများ၏ လမ်းညွှန် ပြသမှုများ ကိုသာ အထွတ်အမြတ် ထားကာ စာဖြင့်လည်းကောင်း၊ အသံတော်အားဖြင့်လည်းကောင်း ဖော်ပြ ဓမ္မဒါန ပြုမည်ဖြစ်ပါသည်။
အထူးအားဖြင့်
တရားတော် အဆုံးအမများကို ဖော်ပြ ဓမ္မဒါနပြုရာတွင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်အခါက မြတ်စွာဘုရား၏ သာဓု ၃ ကြိမ်ခေါ်ဆိုခြင်းကိုခံကြရသည့် ဘုရားသားတော် စစ်စစ် အရိယာကြီးများ ကဲ့သို့ မျက်မှောက် သာသနာတော်ခေတ် အတွင်း၌ ပရိယတ်၊ ပဋိပတ် အစွမ်းသတ္တိ ထင်ရှားသော ဘုရားသားတော် မဟာထေရ်မြတ်ကြီးများ၏
ဟောကြား ဆုံးမချက်များ ကိုသာ ဦးထိပ်ထား၍ ပူဇော်ဖော်ပြ ဓမ္မဒါန ပြုပါသည်။
Wednesday, July 8, 2009
Subscribe to:
Comments (Atom)
